ခေတ်တစ်ခေတ်၏ လရောင်ပန်သော နှင်းဆီ


နင်မသိခဲ့လို့ပါ
ငါ့အိပ်မက်တွေလေ
နင်နဲ့တွေ့ပြီးကတည်းက
အရာအားလုံး .....
“အ” ကုန်တယ်ဆိုတာ ။ ။


နင့်အတွက်ပျိုးမယ်ဆိုရင်
ငါ့အလွမ်းတွေ
တစ်ရာသီစာမက ကြာကောင်းကြာနိုင်ပါရဲ့
မိသုန်ဝေ


“အနက်ရောင် ပိတ်ကားထက်က
ဘောင်ခတ်ထားတဲ့ နှုတ်ခမ်း”
ဖုတ်သွင်းရထားပေါ်က လူ
ပုဝါစလေး ခြားမိတဲ့ ခဏ
တစ်နွေလုံး ရူးခဲ့
တစ်နွေလုံး ရူးခဲ့မိတယ် ။ ။


ကိုယ့်ကိုကိုယ် ကြီးကျယ်ခဲ့ပြီးမှ
လွမ်းခဲ့ကြ
”တကယ်ဆို ..... နင်ဟာ
သိုးကျောင်းသားလေး မျှော်နေတဲ့
မိုးရာသီ မဖြစ်သင့်ဘူး”


လေစိမ်း မိုးစိမ်းတွေ တိုက်ခတ်ရင်း၊
ငါ့နှင်းဆီ ဈာပနာတောင်
ရိုးရိုးရီရီနဲ့
လရောင်တခင်းစာ ပြာကျသွားခဲ့တယ် ။ ။


မြူသံမပေါက်တဲ့ ငါ့ညတွေ
တစ်နွေလုံး ခြောက်အက်ခဲ့တယ်ဆိုတာ
ဘုရားပေးတဲ့
ငါ့မနက်ခင်းလေး အသိပါ ။ ။
ဒါပေမယ့်
ကျူဝါလေးရဲ့ မြက်ရိုင်း ပီသစွာ
ငါလွမ်းတယ်...........


“နင် ဘိုးတံလုပ်ပြီး
ငါ့ စုန်းတယောကို ထိုးပါ၊
မိသုန်ဝေ”


တရိပ်ရိပ် ...
ဝေသီရင်း
တရိပ်ရိပ် ...
ထိုးဆင်းသွားတဲ့
ကြယ်ပျောက်နက္ခတ်တွေ
မူးမူးလဲလဲနဲ့
တေးဆိုတဲ့ ညတုန်းကပေါ့ .....
ငါ့ကြည်ပြာရောင် အိုးလေး
“အိုးသံ” မပါဘဲ
ပန်းရိုင်းမြို့ပေါ် ချော်လဲကျသွားခဲ့တယ်.. ။ ။


မိသုန်ဝေရေ .....
“နင့် သုမုဒ္ဒရာအနားကွပ်တွေကို ပြောလိုက်
စုန်းတစ်ကောင်နေမျှော်နေပြီဆိုတာ”

ရုပ်သေး

1 comments:

က ဗျာ ပြ ခန်း

မိသုန်ဝေကို လာငေးကြည့်သွားတယ်

Post a Comment

Return top