အခု ဒီကဗျာကို ကျော်ဖတ်လိုက်ပါ

ဦးနှောက် တခြမ်း ၊ ကိုက်                                         ၊
နား တခြမ်း ၊ ကိုက်                                                
မျက်ခုံး တခြမ်း ၊ ကိုက်
ခြစား ပိုးထိုး အိပ်မက်များ
မှန်တင်ခုံပေါ် ပြန်တင်
ပွဲနေ ပွဲထိုင် စကားလုံးများအတွက်
ဟောင်းနွမ်း ပြတ်စုတ်သော
အရည်ထွက် ကောင်းကင်အတုအား
ခေါင်းမှ စွပ်ချ ၊
လက်တံ အတို ၊ အရှည် နှင့်
ပွင့်လင်းရာသီများ ဒိုင်ခွက်ချိုချိုထဲ
ဝင်ခုန်မျောစီးခဲ့
မှော်ဝင်ဂီတထဲက ၊
မျက်မမြင် မျဉ်းကွေးများ
အသင့်ခေါက်ရိုးချိုး ကော်ဖီတစ်ခွက် ၊
ပုံမှန်ထက်မနည်း
“ အ ” သူ သည် သေ သင့် သည် ။
နံရံကပ် ဖိနပ်တစ်စုံ၏ အသံကြောင် ဂီတ ၊
ထပ်လျှက် ထပ်လျှပ် ၀တ်ဆင်
နားစွင့် ၊ မျက်လုံးစွင့် ၊ ပါးစပ်အလွင့်
ကြပ်ခိုးတွယ်ကပ်လက်စ
ခရမ်းရောက်မျက်နှာပြင် မှာ
မျက်နှာသေ ခံဝန်ချက်တို့
ရီရီစီစီ ဝေကျလျှက် ၊
တကြိမ်တခါ ခွဲထုတ်ခံခဲ့ရသော
မြို့  တော်အသေးစားတစ်စု
ညပေါင်းချုပ် လက်တော်မှာ ..
အံဝင်ဂွင်ကျ သီဆိုလို့ပေါ့ ။


ခမ်းခမ်းနားနား တံဆိပ်တပ်ပြီး
မြို့  ၀င်မှတ်တိုင်တခုဆီသို့ …..

…………………………………….

…………………………………….

…………………………………….
အဟောင်းအနွမ်း အပုပ်အသိုး
ရှုရှိုက်လက်စ အောက်စီဂျင်
မနက်ဖြန် ခိုးရွာမည့် မိုး အကြောင်း
လက်ခွဲပစ္စည်းအမျိုးအစား
အတု ၊ အစစ် အားလုံး
အမှိုက်ပုံထဲ ရှာပြန်
ခက်ခက်ခဲခဲကြီးရယ်တော့ မဟုတ်လှ ၊
သမင်လည်ပြန်ငေးတာ လှတယ်
ဦးနှောက်အပို တစ်လုံး ဆေးခါးတိုက်ကျွေးမိ ၊
အမှိုက်ပုံထဲက ပြန်ရှာ ၊
ရာကျော်သက် အတင်းအဖျင်း
ပေတံ နဲ့ တိုင်းတာ မညီမျှဘူး ၊
စိတ်ကူးယဉ် သမားတွေကို အားပေးလို့
လူတချို့  က ဖမ်းချုပ်ကျ ( မျက်လုံးတွေနဲ့ )
အိုမာခရမ် ခင်ဗျား သိပ်လောဘကြီးတယ် ၊
မနှစ်ကတော့ ၊ သစ္စာရှိကြောင်း ၊
ခန်ဝံကတိပေးရမယ်
လ မှတ်တမ်း ၊ ကမ္ဘာပတ် စံနှုန်း
လိုချင်တယ် ။  ။

မိယု မစားသွားသော ပန်းသီး

ဒီလို  မိယုရ . . .
ဘယ်ဘက် ဘောင်းဘီအိတ်ကပ်ထဲမှာ
ဘေးကြပ်နံကြပ်ဖြစ်နေတဲ့
ဗမာငွေ နှစ်ရာကျပ်က
ကဗျာတစ်ပုဒ်
အိမ်သာလေးခါတက်
မြို့ ထဲအသွားအပြန်
ပြီးတော့ . . .
နင့်ခေါင်းပေါ် ရောက်လာမယ့် ` ကလစ် ´
မဟုတ်ဘူး မေမေ
ဒါ ဆယ့်နှစ်နာရီထိုးမှ ကြားနေကျ အသံပါ
ဘယ်သူတွေလဲ
ဘယ်သူတွေလဲ
တိမ်တွေနောက် လိုက်နေတာ ဘယ်သူတွေလဲ
ဒီလောက်လဲ မချိုပါဘူး မိယုရယ် . . .
ငါကိုက ရှိုက်သံပေါက်နေတာ
လက်ဖက်ရည်ကြမ်းခွက်ထဲမှာ ပန်းတွေပွင့်သွားအောင်ပေါ့
ဟုတ်ပါတယ် မေမေ
သားကိုက အိပ်မက်နဲ့ အဆက်အသွယ်ရချင်တာပါ . . .
ဟော . . . ဟော . . .
အဲ့တာ မကောင်းဝါးဆိုးတွေ အသံပေါ့
ဒီလိုနဲ့ တစ်နာရီခြားဆီ ဝေးသွားကြ
နေပါဦး မိယုရယ် . . .
ငါတို့က ခိုတွေလိုပါပဲ
ရင်ဘတ်မဲမဲတွေပေါ် မတပ်မဖြစ် ကြယ်သီးတွေ တပ်လို့
လိပ်စာမပါဘူး မေမေ
အဲ့ဒီမှာ သူစောင့်နေလိမ့်မယ်
စနေမိုးပါ မိယုရယ် . . .
မထူးတော့ပါဘူး
ဝုန်းခနဲ ခုန်ဆင်းမိမှတော့
ကြောင်လိုမအော်တော့ဘူး
သား သူ့ကို သတိရလွန်းလို့ပါ မေမေ
သူ့ဟာ နဲ့ သူ နေတာပဲ မိယုရ . . .
ငါတို့ လိပ်ပြာတွေကိုက သန့်သန့်လေးရယ်
တရေးနိုး ထ ပြီးတော့ မိုး ကြည့်ရတာ
မောလိုက်တာ မေမေရယ်
ဒီနှစ်ကိုက ကံဆိုးရာသီလေ . . .
ယဲ့တဲ့တဲ့နဲ့ မိယုရ
ငါတို့က တစ်ယောက်ကို တစ်ယောက်
` ထောက် ´ ထားတဲ့
ဝါးဆစ်ပိုးတွေကိုး . . . ။

ဒီလိုနဲ့ ပန်းတွေ ပွင့်လာကြစေသတည်းပေါ့
မိယုရယ် . . .
ဒီလို မေမေ ဒီလို
ပိုးစားနေတဲ့ စိတ်က
သားနောက်လိုက်
ခွာရာတွေက လိပ်ကျန်ရစ်

သွားပါပြီ
ကြယ်တခြမ်း လတခြမ်းနဲ့  ( . . . . . . . )
သူက သားအိပ်မက်ဟောင်းထဲက
တိမ်ဖြူမ
မြုပ်လိုက် ပေါ်လိုက်ပါပဲ မိယုရေ
ဆွေး . . . ဆွေး . . . ဆွေး
ဆွေး ဆွေး လေး
နာရီနောက်ကနေရင်း
လက်တံတိုလေးကို မမှီမကမ်း
လွမ်းတယ်
အိပ်လို့မပျော်ပါဘူး မေမေရယ်
ပေါ်လိုက် ပျောက်လိုက်နဲ့
ရေစီးကျသံတွေကြားရ
သူတို့ ပျေက်သွားပြန်ပြီ မေမေ
သူတို့ ပြန်ပေါ်လာပြန်ပြီ
ဒီလိုပါပဲ 

မိယုရယ် . . .
ဟိုးနားက ကျပ်ခိုးတွေပေါ်မျာ ကပ်
လက်ချိုးရေကြည့်နေတာ
မပြီးသေးဘူး
` ချောက် ´ ဆို တံခါးပိတ်သွားတဲ့
ပန်းသီးလေး
ခါးလိုက်တာ မေမေရယ်
သားတော့ သေမှာပဲ
သူမရှိတော့ဘူး
သူတို့လဲ မရှိတော့ဘူး
သားတော့ သေမှာပဲ
ငွေ့ ငွေ့ လေးပဲ လောင်သွားတာ မိယုရဲ့ 
ဒါပေမယ့်
ခြောက်ခမ်းနေတဲ့ နှုတ်ခမ်းပါးက
ခြေရာ လက်ရာပျက်သွားတာ
ငါတော့ သေမှာပဲ . . . မိယုရယ် . . . ။

Return top