ရင်ဝှက်ဂီတ ( မောင်မိုးမြင့် )

ရင်ဝှက် ဂီတ
................







(၁)



မိုးအေးတိုင်း တွေး
လူတွေမေးရင် ခေါင်းငုံ့
အကြောက်ဆုံး အချိန်
အသံမပေးပဲ ရောက်လာပြီ ။




မပွင့်တပွင့် အပြုံး
ရှက်နေတဲ့ မျက်လုံးကြောင့်
ညီမလေး အပျိုဖြစ်ပြီဆိုတာ
ပထမဆုံး သိလိုက်ရတော့
ရင်မှာ လှိုက်ပြီးပျော်တယ် ။




လူငယ့် နိဗ္ဗာန် အ၀င်လမ်းမှာ
အချစ်ဦးဆိုတော့
သူလို ငါလိုပဲ ရူးပစ်ပါတယ်
ဖြစ်နှိုင်ရင် သက္ကရာဇ်ကိုတောင်
ကျောက်ချထားချင်ရဲ့ ။



(၂)



၂၀၀၄ ခုနှစ်ကို ရာဇမတ်ကာ
နှလုံးသွေးနဲ့ ထွင်းတဲ့ အက္ခရာ
ဆင်ဖိုနီ ဂီတအဖြစ်
ထာဝရ တည်ပါစေ ။




ဖြူမို့နေတဲ့ လက်ချောင်းတွေကြား
ဘ၀က အလျားလိုက်ပါး
တံခါးတစ်ချပ်ကိုတော့
ကျကျ နန ညီမလေးပိတ်ထားတယ်
မရယ်ဖြစ်ခဲ့ဘူး ။




(၃)



တကယ်တော့ ညီမလေးရယ်
ဘ၀ဟာ ထင်သလောက် မရိုးရှင်းပါဘူး
ကျက်နေတဲ့ စာ
တက်နေတဲ့ ပညာ
ဒါလောက်က ဘ၀ဆိုရင်
စာလုံးပေါင်းသတ်ပုံ မမှန်သေးဘူး ။




လူတိုင်းဟာ ရူးနေတာတဲ့
ဟုတ်မှာပါလေ
မိုးတွေညို တိမ်တွေအိုတိုင်း
စိတ္တဇ အသိကြောင့်
မေတ္တာတွေ စူးလို့




စိန်ပန်းပင်အိုနဲ့ ပင်လယ်ကဗွီးပင်တွေကြား
ဝတ်တွား ခယ ချင်ရဲ့
အခြေအနေ မပေးလို့
အဝေးမြင် ပန်းချီကားတစ်ချပ်ပဲ
တိတ်တဆိတ် ဆွဲနေရတယ် ။



(၄)



ရေပြင်ကြောင့်သာ ကမ်းပါးဖြစ်သလို
ရေပြင်ကြောင့်ပဲ ကမ်းပြိုရတယ်
ဒါတွေလည်း နားလည်ပါရဲ့
အချိန်တွေ တိုက်စားတာတောင်
နွေက အဆိပ်တက်
အနာတွေလည်း မကျက်သေးဘူး ။





ဟုတ်ပါတယ် ညီမလေးရယ်
မိုးပေါ်က သက်တန့်ကိုမှ
သွေကြော ဖြာယှက်
မင့်ပါးပြင်ထက်မှာ
ရွေ့ထားချင်သူ...
ဒီကောင် လူမိုက်ပါ ။





ပါးပြင်တွေ နွေးတိုင်း
အဆွေးသီချင်းဆို
ဒီအချိန်ဆို...
ညီမလေး ငိုနေမလား
ဖိနပ်တွေလည်း ပါးလှပြီ ။




(၅)



မုန်းဖို့အတွက် ဆိုရင်တော့
အကြောင်ပြချက်တွေ တပ်မနေပါနဲ့
နားဝင်ခါးလှတယ်
လောကကြီး ဖြစ်တည်လာတာတောင်
အကြောင်းပြချက်မှ မပါပဲလေ ။





လေတွေတိုက်တိုင်း စိတ်မိုက်တွေလွင့်
ပွင့်ပွင့် လင်းလင်းပဲ လွမ်းတယ်
တစ်ခါ တစ်လေ မူးမယ်
တစ်ခါ တစ်လေ ရူးမယ်
ကဗျာ တစ်ဆုပ်နဲ့ ဘဝ
လှပလာကောင်းပါရဲ့ ။




နောက်ဆုံးရေးတဲ့ မင်းရဲ့စာကြောင့်
အိမ်မက်တွေ ဓားတန်းလန်းနဲ့ သေ
ပေပေ ရေရေနဲ့ပဲ
ပလက်ဖောင်း ခေါင်အုံးညတွေ ထပ်
အဆုပ် တစ်ခြမ်းလည်း ပျက်နေပြီ ။



(၆)




တစ်ခါတစ်လေ
ထွေးတဲ့ တံထွေးမှာ အရက်နံ့ထွက်နေရင်
ဆယ်စုနှစ်တစ်ဝက် နောက်ဆုတ်
တစ်ကိုယ်စာ ကဗျာဆင်လို့
ယဉ်ယဉ်လေး လှနေမလား
ယုယု ယယတွေးရသေးတယ် ။




ဘုရားရောက်တိုင်း ဆုနှစ်ခုတောင်းတယ်
ဘ၀ဆက်တိုင်း နွားရိုင်းသာဖြစ်ပါရစေပေါ့
ပြီးတော့
ဘယ်ဘ၀ရောက်ရောက် ဓာတ်ဘဲတော့ မဖြစ်ပါရစေနဲ့လို့
ဒီအကြောင်းတွေများ သိရင်
အတွေးခေါင်ပါရဲ့လို့
ညီမလေး ဖွဖွလေး ရယ်နေမလား ။




(၇)




၂၀၀၉ ခုနှစ်
ရုပ်ရှင်ရုံတိုင်းမှာ ဟာသကားပြတယ်
မရယ်တက်တော့ဘူး
နုတ်ခမ်းတွေ အဆိပ်တက်လို့
မတ်တပ်ရပ်ပြီး ခဏ သေတယ်
ဒီလိုနဲ့
ဇာတ်ကားမပြီးပဲ အိမ်ပြန်
ဖနောင့်မှာ ဒဏ်ရာတွေ ထပ်လာပြီ ။





ဆောင်းဦးပေါက်ရင်တော့
စိတ်လွတ် ကိုယ်လွတ် လွမ်းချင်တယ်
လျှာဖျားပေါ် ခါးသက်သက်နဲ့
ဆေးပေါ့လိပ်ကို မီးညှိ
ညီမလေး မကြိုက်ဘူဆိုတာလည်း
သိပါတယ်...
အကြောင်းကြောင်းကြောင့်
ဘေးထွက် ရပ်လိုက်တာပါ ။



(၈)




အို.........ကောင်းကင်
အနာဂတ်ကို ပြတ်ပြတ်သားသား စိတ်ကူးယဉ်ဖို့
အလင်း ပြပြ ဟပေးပါ
နောင်လာ နောင်သားတွေ အတွက်
စကားတစ်ခွန်း ဆိုခဲ့ချင်ရဲ့
" အရာ အားလုံး ရှင်သန်နေတယ် "
ဒီစကား...
ညီမလေး ကြားပါစေ ။





နွေကလည်းပူ
နားတွေ အူအောင်ကြားနေရတယ်
" ဒီကောင့်ကို ထားသွားတာ " တဲ့လေ
ရပါတယ်
ရှင်မတောင် သနပ်ခါးနံ့နဲ့ကျေနပ်
တစ်ယောက်ထဲ နေတက်နေပါပြီ ။





ဟုတ်တယ်နော်
လောကကို ညီမလေး ပစ်ခွင်းချင်တဲ့ မြှားတစ်ချောင်း
ဒီကောင်များ ဖြစ်နေမလား
အပြစ်တွေ ကြေဖို့
ကြယ်ကြွေချိန်စောင့်
ဇတ်တွေလည်း ညောင်းလှပါရဲ့ ။



(၉)




ရင်ဘတ်ကိုထွန်ယက်
စိုက်ထားတဲ့ ပန်းပင်
မနမ်းချင်ပဲတော့ ဘယ်ရှိပါ့မလဲ
ပွင့်ဖတ်ကြွေကျ
မြေခပြီးနွမ်း
အဆိပ်တက်သလို
ရင်ဘတ်က တစစ်စစ်နာတယ် ။




ပြီးတာတွေ ပြီးပါစေ
" တစ်ယောက်ကောင်းဖို့
တစ်ယောက် ပျက်တာ ဓမ္မတာ " ဆိုပေမဲ့
ရာဇ၀င်ထဲက သူရဲကောင်းမှ မဟုတ်တာ
နောက်ဆုံးကျတဲ့ ဒီမျက်ရည်
ဝမ်းသာလွန်းလို့ပါ ညီမလေးရယ် ။



(၁၀)



ကျန်းမာပါစေ
ချမ်းသာပါစေ
နှလုံးစိတ်ဝမ်း အေးချမ်းပါစေ
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက
ရင်ဘတ်ထဲမှာ ကြွေတဲ့ကြယ်
အခါ ခပ်သိမ်း
အပူ အပင်တွေလည်း ငြိမ်းပါစေ ။




ကိုယ့်သမိုင်း ကျောက်စာ ကိုယ်ရေး
လောကကို...
ခပ်အေးအေးပဲ ဖြတ်သန်းတော့မယ်
ဝဋ်ကျွေးရှိရင်လည်း
ဒီဘ၀မှာ အကုန်ဆပ်မယ်
လက်တစ်ဖက်သာ ချန်ထားခဲ့ပါ ။




ဘုရား မကြိုက်
မိဘ မကြိုက်
ဆွေမျိုး မကြိုက်
ညီမလေး မကြိုက်တဲ့
ဖန်တီးမှု့တွေ အတွက်
လက်တစ်ဖက်နဲ့ ရွက်လွှင့်
ခြေရာ တစ်ချို့တော့ ကျန်ရစ်ကောင်းပါရဲ့ ။




အထပ်ထပ် ကျူးရင့်
အစီအစဉ်မကျတဲ့ ဂီတနဲ့
ရင်ဘတ်ကို အသက်သွင်း
အတိတ်က မေတ္တာ ဈာပန
ဒီနေ့ချမယ်...
လောကကြီး အသစ်ဖြစ်ဖို့
နုတ်ခမ်းမှာ ဗီဇတပ် ကဗျာဖတ်ကြရအောင် ။ ။



မောင်မိုးမြင့်
၂၀.၆.၂၀၁၀
ညနေ ၄း၅၀ မိနစ်

`မြား´

ငါ့ကို ငါ
နှစ်ခါ ခွဲပြီး က မယ် ။

ပြောပါ
အသင် မေ့နေလား၊ မေ့လျော့ချင်ယောင်ဆောင် နေသလား။

ငါ(နင်)၊ သူ(မ)
``ဟာ .......... ´´
အားလုံးမှားကုန်တယ်



(နေနှင်းစက်)


နေနှင်းစက် ရဲ့ ကဗျာတိုလေးပါ .. ။ မျှဝေလိုက်တယ် .. ။

ကျွန်တော့်ရင်ဘတ်အတွင်းလာရောက်နေထိုင်သော ဓါးထစ်လေး

ရာဟုမလေးရေ . . .
နေမလုံ နှင်းမလုံ
မင်းအပြုံးလေး လုံရုံခြုံမိပါရဲ့
အခုဆို . . .
ငါ့ရင်ငါခြုံလို့တောင် မလုံတော့ပါဘူး
ငါပျော်ခဲ့ပါတယ်
မင်းလက်ထဲ နှင်းဆီဝါ၀ါလေး
တွေ့လိုက်ကတည်းကပေါ့
ဟော့ဒီစိတ်နဲ့ ဒီရင်ဘတ်က
ဒီညမှာ အိပ်မပျော်ဘူး
ဝါကျတွေ နီလိုက် ၀ါလိုက် ပြာလိုက်
ရှေ့မှာလေကြွေသံ တဖောက်ဖောက်ကြားနေရတယ်
၈ နာရီ ၄၅ မိနစ် ကို စိတ်ထဲမှာမှတ်
ဆန္ဒတွေချိုးရေလာလိုက်တာ
လက်ဆယ်ချောင်းနဲ့တောင် မလောက်တော့ပါဘူး
ငါ့ရှေ့ကမြူတွေ ခြောက်အက်စပြုနေပြီ
ဒီလို . . ရာဟုမလေး
ဖုန်းသံနောက်မှာ မင်းအသံပါမလာသလို
လမ်းမီးတွေကလည်း မချိုတော့ဘူး
ဖြစ်နိုင်ရင် ငါ့ကိုယ်ငါ
ဝေေ၀၀ါးဝါး လင်းပြလိုက်ချင်ပါရဲ့
ခက်တာက . .
ငါ့နက္ခတ်မှာ လက်ခတ်သံလေး
ပျောက်သွားခဲ့တာကြာပေါ့
မျက်ရည်တွေကို မငိုဖို့တားရင်း
ရင်ဟောက်ပက် ထီးလေးမှာ
ရယ်သံတွေမပေါ့မပါးနဲ့
ငါ့အဘိဓါန်လေး . . ပိတ်
ပိတ်ချလိုက်ရပါပြီ
ငါ့အရိပ်တစ်ခြမ်းကိုမြင်တိုင်း
နင့်ယူသွားတဲ့ ထီးတစ်ခြမ်းကိုလွမ်းတယ်
ငါ့လက်ချည်းသက်သက် ယက်လုပ်ထားတဲ့
တလင်းပြင်မှာ
နှင်းဆီဝါ၀ါတွေ ဗေဒင်ယတြာမပါပဲ
ကိုယ်ထူကိုယ်ထ ပွင့်လိုက်ကြပါရဲ့
အလွမ်းဒီဂရီဆိုတာ
မနက် ၈နာရီ ၄၅မိနစ်တိုင်း
နိုးနေကျ နှိုးစက်တစ်ခုပေါ့
ကျိန်ပြောပါတယ် ရာဟုမလေးရယ်
နင့်ကိုငါ အရှေ့လျောက်၍လည်းချစ်ကြောင်း
အနောက်လျောက်လိုကလည်းချစ်ကြောင်း
ငါ့ကိုငါ ကတိပေးပါ၏ ။ ။



မောင်မိုးချို


မောင်မိုးချို ရဲ့ ကဗျာတပုဒ်ပါ .. ။ မျှဝေလိုက်တယ် ..။

ကြယ်ကြွေရပ်ဝန်း ( နီလေး )

နမိတ်ကောင်းကို မမက်မောတတ်တဲ့ သစ်စိမ်း....ခြောက်ပင်ဟာ …………

ကြယ်သေကို သဂြိုလ်ပစ်ဖို့ ငြင်းဆန်ခဲ့..

အဲ့ဒီကိုယ်ထဲမှာ………. နံရိုးတွေကို ရေတွက်နေတဲ့ စက္ကန့်တန်ရှိခဲ့ ……

သွေးနီမျှင်ကို စုပ်ယူ…. ကြည်ပြာရောင် ကြယ် …. လောင်ကျွမ်းခဲ့

ကျောခွံကိုခွာ…… ထိုကြယ်ပြာရောင်…. လက်တန်ကို ချိုးဖျက်……. ခံခဲ့

ညဥ့်လေကို အံတု… သန်းခေါင်ထက် သူဟာ ပိုပို နက်လာခဲ့

ဝင်သက်ကို အစိတ်စိတ် ပိုင်း……… လေးနက်မှုတိုင်းဟာ သက်ပြင်းပိုရှည်ခဲ့

သက်တန့်ရောင်ကို ထိုးဖေါက် နေ့နဲ့ ည ကြား ပိုပို….. တိုးဝင်……… သွားမိ…. ခဲ့……………..

…………………………………………………….

ရပ်စရာ တဖြည်းဖြည်း ကျဉ်းလာတဲ့….. မြေ

နောက်ဆုံးထွက်သက်မှာမှ ရှိုက်သွင်းခြင်းခံလိုက်ရတဲ
့ …….. လေ....

ကျွံမှာဆိုးတဲ့ အရောင်တွေ …..

အဖက်ဖက်မှ ကာရန်ထားသော.. ကျောက်ဂူအောက်..

နှင်းတွေ........ ရာသီပျောက်ခဲ့ရပြီး........ .... နောက်

…………………………………………………….

ကြယ်သေလွမ်းချင်းတွေ ရေး နင်ဆွေးမနေနဲ့တော့

ကောင်းကင်ကို အစိမ်းလိုက်လွာချပြီး ငါ မီးမြိုက်ပေးလိုက်မယ်

ဖွဲမီးတွေ တဖျောက်ဖျောက်နဲ့ ကြယ်သေတဲ့ ကောင်းကင်အောင်မှာ နင်ငိုအုံးပေါ့

မျက်ရည်တွေ ခပ်နွေးနွေးရွာချလာခဲ့တဲ့ နင့်ပါးပြင်မှာ

ငါ့အိပ်မက်ပေါင်းများစွာ ဆေးခြယ်ပေးပါရစေ...

နင့်မျက်ရည်နဲ့ဆေး ငါ့အိပ်မက်တွေ စတေးရစေအုံးတော့

နင့်မျက်နှာမှာအပြုံးတွေ ဝင်းလာချိန်အထိ ငါ့အိပ်မက်တွေ ခင်းပေးထားမယ်


မျှော်လင့်ခြင်းတွေ စိုက်ပျိုးထားတဲ့ ငါ့ကျောမှာ

နင့်ကြယ်ကြွေမီးအိပ်မက်နဲ့ မြိုက်လောင်ထားတဲ့

ငါ့အတောင်သေတခြမ်းလဲရှိတယ်

ငါမပျံနိုင်ပါဘူး ...

နောက် ...

မျှော်လင့်ခြင်းတွေ ဖြန့်ခင်းထားတဲ့ ငါ့နှလုံးသားမှာ

နင့်အိပ်မက်နွယ်တွေ ခင်းလျှောက်မဲ့ မြက်နီခင်းကြီးလဲရှိတယ်

ငါမစိမ်းလန်းပါဘူး ...

တခုခုကိုရွေးမယ်ဆိုတော့မှ ကမ်းနှဖူးက ကြယ်သေကို

နင်ပြန်လှည့်ကြည့်သေးတယ်နော် ...

ငါ့အတောင်လက်ကျန်တခုတော့ နင့်ကြယ်သေအိပ်မက်အတွက်

ငါမတောက်လောင်နိုင်တော့ဘူး ...

ထပ်မကျွမ်းပါရစေနဲ့တော့ အိပ်မက်စိမ်းလေးရယ် ...

ဒီအတောင်တခြမ်းနဲ့ နင့်အပွင့်ဆန်းလေးကို

ငါလေ ... ထာဝရ ... တယုတယပျိုးထားချင်လို့ပါကွယ် .... ။

ဆောင်းကို ပိတ်လှောင်ထားတဲ့ ဂူဟာ … အေးတယ်။။။

ကြယ်သေကို သဂြိုလ်နေတဲ့ မီးတောက်က……. အေးတယ်။။။။။။။။။။။

အနာဟာ သိပ်နာလာရင် အေးတယ်။။။

အပူဟာ သိပ်ပူလာရင် အေးတယ်။။။

ထို……ဆောင်းဖိနပ်အောက်….. ကြယ်ကြွေကို တယုတရ မြှုပ်ထားခဲ့…….

ကြယ် သေ ရပ်ဝန်းဟာ………….. အေး ခဲ….. နေခဲ့။ ။။။။ ။။။။ ။။။။။။။။။




နီလေး



ကဗျာဆရာနီလေး ရဲ့ ကဗျာတစ်ပုဒ်ပါ .. ။ မျှဝေလိုက်တယ် .. ။

မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ကြောင်း ( ဆူးခက်မင်း )

ရာသီဥတုက တဖြည်းဖြည်းပူလာပြီ ။

ကျွန်တော်တို့က မိုက်လို့ ကောင်းတုန်း ။

အရင်သွားနှင့်မယ် ။

ဖိနပ်တော့ မတက်နင်းနဲ့ ။

လူငယ်တွေရဲ့  ယဉ်ကျေးမှုအရ

ကျွန်တော် ဆေးလိပ်သောက်တယ် ။

ကျွန်တော် အရက်မူးတယ် ။

ကျွန်တော် ကွမ်းမစားတော့ဘူး ။

( ဘယ်သူ့ ကြောင့်ပဲ ဖြစ်ဖြစ် )

ကျွန်တော် ကွမ်းမစားတော့ဘူး ။

သုည ၊ ရှစ် ၊ လေး ၊ ငါး ၊ သုံး ၊ သုံး ၊ လေး ၊ ငါး ။

ဟဲလို ၊ ဟဲလို ၊ အလင်းတစ်ပွင့်လောက် လင်းပေးပါ ။

ကျွန်တော့်အခန်းထဲ တော်တော်မှောင်နေတယ် ။

လမ်းတွေက မျက်စိရှေ့တင် ကွေ့ ကောက်နေကြ ။

အနမ်းတွေက မျက်စိရှေ့တင် မေ့မှောက်နေကြ ။

တစ်နေ့လောက် နေမှ ၊ အသံတစ်ချက် မကြားရရင် ။

ရုပ်သေး ပြောသလို

` သားတော့ သေမှာပါပဲ မေမေရယ် ´ .. ပေါ့ ။

သူမရဲ့  အကြည့်တစ်ချက်မှာ ၊ ကျွန်တော့် နား

နှစ်ဖက် ရှိတယ် ။ သူမ လက်ညှိုးတစ်ဖက်မှာ

ကျွန်တော့် အရှုံး ရှိတယ် ။

ရှုံးတယ် ၊ ထပ်ရှုံးတယ် ၊ ထပ်ရှုံးမယ် ။

တစ်ခါခါးတိုင်း နှစ်ခါ ပြန်မြိုချရတာ ။

ရင်တစ်ခုလုံး ပူနေရော ။

ရန်ကုန်နဲ့ ( ........... ) ဆိုတာ

ထင်သလောက်တော့ မဝေးပါဘူး ။

ကျွန်တော်က သူများလက်ထဲက အရုပ်

ကိုမှ ၊ လိုချင်တတ်သူလား ။

ပစ်ပစ်ဝါးလိုက်တဲ့ စကားလုံးတွေက

သူမ အကြည့်တစ်ချက်နဲ့တင်

ပြားပြားဝပ်သွားတာ ။

မကြားနိုင်တော့ပါဘူး ။ ကျွန်တော့် အသံက ကျွန်တော့်လည်ချောင်း

ထဲမှာပဲ ရှိနေပြီး ၊ သူမ မကြားနိုင်တော့ပါဘူး ။

အရိပ်တွေလည်း မျိုးတုန်းလုပြီ ။

ဒီခရီးစဉ်မှာ ၊ သူမ အရိပ်တောင် မပါစေရဘူး ။

သုဝဏ္ဏလမ်းဆုံ ၊ ဈေးလေး ၊ ( ..... ) ၊ ဗလီထိပ် တောက်လျှောက် ဆရာရေ့  ။





ဆူးခက်မင်း



ကဗျာဆရာ ဆူးခက်မင်းရဲ့ ကဗျာတပုဒ်ပါ ...။ မျှဝေလိုက်တယ် ...။

အချစ်အကြောင်း ( ညီစိမ်း )

အချစ်အကြောင်း


သေနတ်ပြောင်းဝမှာ
ကိုယ့်နားထင် ကိုယ်ထားပြီး
တေ့ပစ်လိုက်ရသလို ၊
မီးခိုးတွေလဲ အူ လို့ ။
ဂြိုလ်စီး ဂြိုလ်နင်း မကောင်းရင်
မုဆိုး နဲ့ သားကောင် တစ်လှည့်စီ ဖြစ် ။
ကိုယ့်နက္ခတ်ကိုယ် မှန်အောင် ကြည့် တတ် ဖို့ လို တယ် ။



ညီစိမ်း



ကဗျာဆရာ ညီစိမ်း ရဲ့ ကဗျာတိုတစ်ပုဒ်ပါ ... ။ မျှဝေလိုက်တယ် ... ။

မမမြို့ကြီးသူ ( နေ့သစ် )

လှည်းယာဉ်ကလေးစီး
ထီးနီနီလေးဆောင်းပြီး
ခေါင်းမဖြီးဘဲ လှနေတဲ့ မမ။

ကိစ္စမရှိဘူး
ကြယ်သုံးလေးပွင့်လောက် ဆွဲခူး
အိပ်မက်အထွေအထူးတွေနဲ့ 
ကျွန်တော့်ဖာသာရူးတာ။

မမ
သနပ်ခါးပန်းလေးပန်
ညဥ့်ယံမှာလည်း
မွှေးတယ်။

မမ
ပုထုဇဉ်မမ
လူဝတ်ကြောင်နဲ့ လှတယ်။

မမဟာ
စံပယ်ဖြူဖြူ
ကံကော်ဖြူဖြူ
စံကားပန်းဖြူဖြူ။

မမဟာ
ကျွန်တော့် မျက်ကြည်လွှာ
မမဟာ
ကျွန်တော့် လက်ဗွေရာ။

ကျွန်တော့် နံဘေးက
ပုရိသတို့ ရဲ့ ရှေ့ ရေး
မမအကြောင်းပဲ ကျွန်တော် တွေးမိပေါ့။

မမအပြုံးကိုရတဲ့နေ့ ကစလို့ 
အမှောင့်ပယောဂတွေနဲ့ 
တရေးနိုးတိုင်း
ကျွန်တော် ထထကတယ်။

မမ မျက်စောင်းက
အကြောင်းသုံးပါးမရွေး
ကျွန်တော့်မှာ
ပုံပြင်သေးသေးလေးတွေထဲ
ပြုတ်ပြုတ်ကျရ။


မမက မြို့ ကြီးသူ
ကျွန်တော်က ကျေးတောသား
မတရားတာတော့ အမှန်ပဲ။

မမခြေတစ်လှမ်းအရွေ့ 
ကမ္ဘာ့ ဘဏ်ထဲက ကုဋေတစ်သန်း
ကျွန်တော့် ရှေ့ ကို ရောက်လာစေ့ချင်တယ်။

မမက ဒေါက်မြင့် ဖိနပ်စီးတဲ့အခါ
ကျွန်တော်က တာယာဖိနပ်စီးတယ်၊
မမက ကိုယ့်ကားကိုယ်မောင်းသွားတဲ့အခါ
ကျွန်တော်က သူများနွားကျောင်းရတယ်။

မမ
မမဟာ
ကိုလွှမ်းမိုးသီချင်းထဲက
ဟိုအစ်ကိုကြီးရဲ့  မခင်နှင်းဆီ။

မမဟာ
ဆရာအောင်ခြိမ့်ရဲ့  ဂန္တ၀င်မမ။

လောကများရဲ့  ကောင်းမြတ်ခြင်းတရား
မမ ဖ၀ါးမှာကပ်တွယ်နေပါလား။

ကျွန်တော်ဆိုတာက
ငရဲကျမှာထက်
မမ မုန်းမှာကို ပိုကြောက်တဲ့ သွေးနွေးသတ္တ၀ါ။

မမ ပြုံးရင်
ကျွန်တော့်ကိုယ်ကျွန်တော် ပိုပို မုန်းမိရဲ့ ။

သလင်းကျောက်သား၊
စကားမဲ့ ရေအိုးစင်၊
အမေ့ ပုံပြင်ထဲက နတ်သမီး၊
မမ ဟာ ကျွန်တော်မပိုင်တဲ့ ထီးကလေးဖြစ်တယ်။

ကျွန်တော်က နွားကျောင်းသား
မြက်ခင်းစိမ်းကို ချစ်တယ်။

မမက စစ်ဘုရင်မ
မြင့်မိုရ်တောင်ထိပ်က
အလံဖြူကို ရသွားခဲ့သူ။

စစ်မြင်းတွေမောင်း
တံပိုးခရာတွေ တထောင်းထောင်းနဲ့ 
အရှင်လတ်လတ် ဘ၀ပြောင်းရပေါ့။

မမက
မြန်မာလို ယဉ်တယ်၊
အင်္ဂလိပ်လို လှတယ်။


မြစ်ရေကြီးမယ့် နောင်နှစ်များ
နယူးယောက်မြို့ ရဲ့  အခေါင်အမြင့်ဖျားမှာ
မမ ဟောမယ့်တရား
ကျွန်တော် နာမယ်။

နောင်နစ်များစွာ
နောင်နှစ်များစွာ
ကျွန်တော့် မမ
ဒီလိုလေးပဲ
လှနေပါစေ။

ဤကမ္ဘာမြေ
ဤကမ္ဘာရေ
ဤကမ္ဘာလေ
မမပဲ ပိုင်ဆိုင်စေ။

တိုက်ပုံမ၀တ်တတ်ဘူး
ဖိနပ်ပါးပါးပဲ စီးတယ်
ကားမှန်မှာတော့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဖူးတယ်
ဒီလိုပဲ ကျွန်တော်က
ပေါ့ပါးတယ်။

ကျွန်တော့် ရုပ်ပုံကားချပ်
မမ အသက်ရှူရတာ မွန်းမှာ စိုးရဲ့ ။

အင်္ဂလိပ်လို မပြောတတ်လို့ 
ကော်ဖီမသောက်ဘူး
........ ..........
မမ ရယ်တယ်။

မမ
မြို့ ကြီးသူ မမ။


ကျွန်တော့်ကလေးဘ၀က
ကျောင်းအင်္ကျီအဖြူလေး
ကွမ်းသွေးတွေ စွန်းပေ
အမေ့မလည်း မျက်ရည်ဝေရတယ်။

ကျွန်တော်
မမကို ချစ်တာ
ပုဒ်မအပေါင်းနဲ့  ငြိစွန်းခဲ့ရ။

မမ မစီးတဲ့ ဖိနပ်အဟောင်းလေး
ကျွန်တော်ငေးကြည့်နေမယ်။

မမ လျှောက်ခဲ့တဲ့ လမ်းတကာ
ကျွန်တော့်သွေးတွေ လဲ့ဖြာစေမယ်။

မမ
မြို့ ကြီးသူမမ
ကချေသည်ဘ၀နဲ့ 
ကျွန်တော် ကပြပါ့မယ်။

နားဆင်လော့
ရှုလော့
ခံစားလော့။


နေ့သစ်


ကဗျာဆရာ နေ့သစ် ရဲ့ ကဗျာရှည်တပုဒ်ပါ ... ။ မျှဝေလိုက်တယ် ... ။

သံပတ်ပေးထားတဲ့လူ ( ရင်ခွင်ရှိန်း )

သံပတ်ပေးထားတဲ့လူ

မြင့်လွန်းတဲ့… မိုးတိမ်တွေကြား

ပြေးလွှားဆော့ကစားခဲ့ချင်ရုံသက်သက်ပါ

ငယ်ငယ်က ပုံပြင် ကို ၀ အောင် နားမထောင်ခဲ့ရတဲ့ကလေး

လမ်းတွေထက် ခြေထောက်ဟာ…

ဘာကြောင့်သေးရပါလိမ့်လို့ … တွေးတယ် ။

ရှေးကုသိုလ် နည်းတဲ့အိမ်ကလေး

ငါ့ ကို ထွေးပွေ့ ထားရတယ်

“ချစ်သူ”လို့ ခေါ်တဲ့ မိန်းမတစ်ယောက်ရဲ့ အိမ်မက်ထဲ

အိမ်မက် မက်ရင်း…ရောက်သွားချင်ခဲ့ဖူးတယ်

အိမ်ကလေးက … ရယ်တယ် ။

တစ်လောက ….. သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ သွားမိတယ်

ပြီးတော့ … နှစ်(၁၀၀) ပြက္ခဒိန်ဝယ်တယ်

ဘာရယ်မဟုတ် …

တူတူပုန်းနေတဲ့ ကိုယ့်အသက် ကို ပြန်လိုက်ဖမ်းတယ် ။

အရင်ကဆို….

အင်္ကျီအညိုလေးနဲ့ 

ဘေးအိမ်ကအဒေါ်ဆိုတဲ့ ..


“အို……အေး……အေ့ ……အို …..”

ကြားတိုင်း…………

ငိုတယ် ။

တခုတ်တရ သိမ်းထားတဲ့ …

ဒိုင်ယာရီထဲက

“သူမ” ရဲ့ မျက်စောင်းလေး

ပြန်ဖွင့်ကြည့်မိတော့ …..

ကော်ဖီခွက်တွေ ဘာကြောင့်အေးစက်ကုန်ပါလိမ့် ။

ပါးသွားတဲ့ဖိနပ်လေး …

အသက်ရှူဝသွားတဲ့.. ပိုက်ဆံအိတ် လေး

“သူမ နဲ့ တစ်နေ့ နေ့ ”ဆိုတဲ့ အတွေးနဲ့ 

စုထားတဲ့ စုဗူးလေး …..

ငါ့ …..လက်ဖျားတွေအေးစက်နေပြီ ။

ဗေဒင်ဆရာက

ခေါက်ရိုးကျိုးနေတဲ့ စာရွက်ပေါ်မှာ

ကိုယ့်နာမည်ကို ကိုယ်ပြန်ရေးပါလို့ ပြောတယ် ။

“သူမ” ထွက်သွားတဲ့နေ့ ကပေါ့ 

အပြာရောင်ဝတ်စုံလေးနဲ့  စံပယ်ပန်းတွေကပိုကရိုနဲ့ …

“သူမ” မငိုဘူး ။

“သူမ” ရေးလိုက်တဲ့စာလေးမှာ

ဘွတ်ဘတ်ရွှတ်ရှက်

မြန်မာလို ရေးထားတဲ့ ၀ါကျလေး

တစ်ကြောင်းတစ်လေမျှမပါတော့ ။

ဘယ်သူများ “ချစ်သူ” ကို လွမ်းဖူးပါသလဲ

စကားလုံးတွေနဲ့ ဖော်ပြလို့ မရလို့ ပါဆိုပြီး

ဘာမှရေးမထားတဲ့ စာအိတ်လေး စနေနေ့ ကရောက်လာတယ်

မည်သူမည်ဝါပို့ ပေးတာလဲ (မသိပါ) ။

သူ လိမ်နေတာပါ လို့ 

ကိုယ့်ကိုကိုယ် ပြန်ညာတယ်

မနက်တိုင်း … မြူခိုးတွေဝေနေတာ

တိမ်တောက်တိုင်း … ငေးနေမိတာ

ဘာတစ်ခုမှ “သူမ” နဲ့ မဆိုင်ပါလို့ 

ကိုယ့်စိတ်က ခြေခါခါ လက်ခါခါ နဲ့ ကိုယ့်ကိုပြန်ငြင်းပြန်တယ် ။

မေးတိုင်းဖြေနေကျပေါ့ …

မြင့်လွန်းတဲ့မိုးတိမ်တွေကြား

ပြေးလွှားဆော့ကစားချင်ခဲ့ရုံသက်သက်ပါ လို့  ။ ။



ရင်ခွင်ရှိန်း


သူငယ်ချင်းကဗျာဆရာ ရင်ခွင်ရှိန်း ရဲ့ ကဗျာလေးပါ .. ။ ပြန်လည် မျှဝေလိုက်တယ် .. ။

ဆုတောင်းကြမ်းသူများ

ဆုတောင်းကြမ်းသူများ

           ( ၁ )

ငါ က တော့ ငါ့ ထီး ကို
ရ မု ကွန် ထ ရိုး  နဲ့ ပဲ ဖွင့် ဆောင် တယ်
ငါ့ ကိုယ် ငါ မိုး ဖို့
ငါ့ ကိုယ် ငါ မှောင် ပစ် ရ တယ်
ဟော ..
ပြော ရင်း ဆို ရင်း
ငါ့ ထီး ဟာ အဖုံး ပွင့် သွား ခဲ့ ရ
ငါ့ ဆု တောင်း ပုံ က
ငါ့ ကို ငါ ငရဲ အ ကြီး ကြီး ကျ စေ ခဲ့ တယ် ။    ။






ရုပ်သေး





ဆုတောင်းကြမ်းသူများ


             ( ၂ )



မင်း ရှိ ပါ လေ စ

မျှော် လို့ တောင် မ ဆုံး သေး ဘူး

ပန်း တွေ

ဘယ် ပုံ ဘယ် နည်း ပွင့် ခဲ့ လဲ မ သိ ရ

မင်း ရှိ ပါ လေ စ

မျှော် လို့ တောင် မ ဆုံး သေး ဘူး

လမ်း တွေ

ဘယ် ပုံ ဘယ်  နည်း မာ နေ ခဲ့ ရ

ဘယ် ပုံ ဘယ် နည်း မှောင် နေ ခဲ့ ရ ။     ။





ရုပ်သေး

ခရမ်းဖြူ ရူးခြင်း

ခရမ်းဖြူ ရူးခြင်း



မသေရုံတမယ် မိုးခဲ့ရတဲ့ ကောင်းကင် ..
ခုတော့ .. ထီးရွက်တွေ .. တဖြုတ်ဖြုတ် ကြွေ .. .. .. .. ..
ဟာ ... .. သွား ပြီ ...
အစတည်းက မှားခဲ့တာတွေ ..
ပြန်မမှန်ချင်တော့ပါဘူး ..
ဂြိုဟ်ဆိုး နက္ခတ်တွေ ဝေနေတဲ့ကောင် အဖို့ ..
စက်ဝိုင်းသီအိုရီလည်း မလိုအပ်တော့ပါဘူး ..
ကျောက်ဆစ်ရုပ်ရဲ့ လက်တစ်ဖက်မှာ ..
မင်း ကိုယ်သင်းနံ့တွေ စွဲ ကျန် ရစ် ..
သေချာတာပေါ့ .. .. ..
ငါ ၀ဋ်အကြီးကြီးလည်တယ် .. အဖြူရောင် ရေ .. .. .. ။

မယုံကြည်တော့ဘူး ။
ဘာကိုမှ မယုံကြည်တော့ဘူး ။
နာရီမြည်သံတွေကြားတိုင်း
သွေးပျက်တတ်ခဲ့တာ .....
အရိပ်ကို လိုချင်တယ်တော့ မဟုတ်ပါဘူး ။
နေပူမှာပဲ ရပ်စာင့်နေခဲ့တယ် ။
ဘာနာမည်တပ်ရမယ်မှန်းတောင်မသိတဲ့ ရောဂါအတွက်
သောက်ဆေး ထိုးဆေးတွေ ၊
ခုတ်ရာ နဲ့ ရှရာ တေ့တေ့လွဲနေတာ များပြီ ။
မျက်လုံးထဲကို တည့်တည့်ကြည့် ။
ငါ့ မျက်လုံး ကို တည့် တည့် ကြည့် ။


အရှုံးနဲ့ နဖူးတွေ့ ဒူးတွေ့တွေ့လိုက်ရမှ ..
ငါ့ အတ္တကို ငါ ပြန် သနားလိုက်မိသလိုလို ...
မဟုတ်ဘူး ။
ငါ့ မျက်လုံးကို တည့်တည့် ကြည့်လိုက် ..
ငါ့ ဒူးနှစ်ဖက်မှာ တင်ကျန်နေတဲ့ ဖုန်မှုန့်တွေ မြင်ရလိမ့်မယ် ။
ဖုန်တက်နေတဲ့ အတွေးတွေရယ် ..
ဖုန်တက်နေတဲ့ မျှော်လင့်ချက်တွေရယ် ..
သေလွဲသာ လွဲလိုက်ချင်ရဲ့ .. ။
ရှင်ရက်နဲ့ လွဲဖို့တော့ .. ငါ့ လိပ်ပြာ ငါ မလုံဘူး ။
အိပ်ယာဝင်တိုင်း ကြားနေကျ ခြင်အော်သံတွေက ..
" ညီ ... ညီ ... ညီ .. "
တစ်သက်နဲ့ တစ်ကိုယ် ၀ံ့ကြွားခဲ့သမျှ .. ။
အကြီးကြီး ရှုံးတာပဲ ။
တကယ်ပါ ... ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် .. ။
ခရမ်း ရူး ရူးခဲ့သမျှ ။
မျက်နှာစုံညီတိုင်း အရှုံးကြီး ရှုံးတာပဲ ။


ဆူးခက်မင်း ၊ ညီစိမ်း

စက်ကွင်း

စက်ကွင်း






မိုးသားတွေ အောင်မြင်လှပစွာ ပြီးဆုံးရပ်တန့်သွားတယ်

မီးတန်းတွေ အလုံးလိုက် နဲ့

သိပ်လှတဲ့ ကောင်းကင်ဆီ ။

ငါ့ မြင်း ငါ ရိုင်း အောင်သင်ပြီး

ငါ စိုင်း စရာ ။

တိမ်တွေလဲ ညိုလာပြီ ယုန်ငယ်ရေ

အခုပဲ မိုးသားတွေ အပြေး

ကွေးထားတဲ့ လက်ညှိုးဝိုင်းလေးထဲ သက်တန့်မှာ ခေါင်းစိုက် ငိုက်လို့ ။





ရုပ်သေး

အခု ငယ် ငယ် တုန်း က အ သ ည်း ကွဲ မျဉ်း ကြောင်း တိမ်း စောင်း မှု

ဝေး ရ မှ ဝေး ကို ဝေး ရ မှ ဆို တော့ လဲ ...

နင့် ကို ငါ ကမ္ဘာမကြေအောင် လွမ်း နေ လိုက်တယ်

အရှ့ကို လျှောက် ၊ အနောက် ကို ပြန် ပြန် ရောက် တဲ့ သတ္တ၀ါ

နင့် ကို လွမ်း ဖို့ လောက် တောင် ငါ က ခေတ် မ မှီ ဘူး

သွေး ခြေ ဥ တာ က အ စ ၊ သည်း ခြေ ပျက် တာ က အ ဆုံး

ပြက် နေ ကျ ပြက် လုံး တွေ ကြား ဘာ တွေ လာ လာ ငြိ နေ မှန်း မ သိ

အပ် ချုပ် ရာ တစ် ပေါက် နှစ် ပေါက်

အ ပျင်း ထူ နေ တဲ့ စက္ကူ ရုပ် မ နင့် နောက် ကျော ကို ငါ ဘာ ဓါး နဲ့ မ ထောက် ထား ခဲ့ ဘူး

ဒီ နေ့ က မှော် အတက် နဲ့ ဖန် ဆင်း ထား တာ မ ဟုတ် ဘူး

ဒါ ပေ မယ့် တ နေ့ လုံး သေ မင်း ဆီ ဖုန်း ခေါ် နေ တဲ့ အသံ တွေ ပဲ ကြား နေ ရ တယ်

ပြာ ဖြစ် သွား တာ လား

လက် ဖ မိုး ကို လှန် ကြည့် လိုက် ရင် ကြယ် တွေ စား ကျက် ချ နေ ကျ ည အသေ ရှိ တယ်

ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ

ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ

သွား စမ်း သွား စမ်း . . . အံ တွေ ကြိတ် ထား ရ တာ လဲ နာ လှ ပေါ့

အ ခု အ ချိန် အ ထိ အ မှောင် တွေ ငါ့ ကျော ပေါ် ထိုး ချ နေ တုန်း ပဲ

နင့် ကို ရက် ပေါင်းများ စွာ ၊ များ စွာ ကြာ အောင် လွမ်း နေ နိုင် ဖို့

တစ် နေ့ ကို တစ် ခါ ကိုယ့် ကို ကိုယ် မသဒ္ဓါ ဆွမ်း ကျွေး ပြီး အ သက် ရှူ မ ရပ် အောင် လွမ်း ခိုင်း နေ ရ

ဝေး ရ မှ . . . ဝေး ကို ဝေး ရ မှ ဖြစ် မယ် ဆို ရင် ဝေး ကို ဝေး သွား ကြ

နိ မိတ် မ ကောင်း သူ ရယ် အောက် နှုတ် ခမ်း လှ လှ လေး ကို မ သုံး ပါ နဲ့ တော့

ဒါ ဝေး ကို ဝေး ရ မယ့် အ ခါ မို့ လို့ ဝေး ကို ဝေး ပြစ် ရ မယ်

ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ....

ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ... အ တွေး နဲ့ တင် ငါ က ၊ က လေး တစ် ယောက် လို မျိုး

ကိုယ့် ဦး နှောက် ကိုယ် အ မဲ ပြန် လိုက် သ လို မျိုး ၊ မ ချိ မ ဆန့် က လေး ဆန် ဆန် ငို တယ်

အ ခု ချိန် အထိ နင့် ကို လွမ်း ဖို့ လောက် ငါ့ ဦး နှောက် က ခေတ် မ မှီ ဘူး . . . . .

ဝေး ရ မှ . . .

ဝေး ကို ဝေး ရ မှ ဆို တော့ လဲ . . . ။




ရုပ်သေး






အဲ့ဒီလိုနဲ့ ပန်းတွေ ပွင့်လာကြစေသတည်းပေါ့ ... ။

Photobucket

ဒါဟာကိုယ့်ကိုကိုယ် အကြိမ်ကြိမ် မှားယွင်းစွာသတ်သေမိခြင်းပါ မခင်အေး

လိုအပ်တဲ့ အချိန်မှာပဲ ထုတ်ထုတ်သုံးတတ်တဲ့ ငါ့နားရွက်လေးနှစ်ဖက်ဟာ အခု တရားရှိတဲ့ အရပ်မှာ ကျော့ကွင်းမိတယ် ။
    မလိုအပ်ပဲမဖွင့်ရဆိုတဲ့ ငါ့ဦးခေါင်းခွံက ပျော့ပျော့ညံ့ညံ့ ကြေးဝါသော့တစ်ချောင်းရဲ့ ကြံစည်မှုမှာ ငြိမ်သပ်စွာပွင့်တယ် ။

တစ်ယောက်စ နှစ်ယောက်စ

အလင်းကို ပြန်ရှာဖွေနေသူ နဲ့

လယ်ကွင်းပြင်ကြီးထဲ

ငါ့ကိုယ်ငါပဲ ယုန်တစ်ကောင်လို တောင်းထဲထည့်

မေ့ပစ်လိုက်မယ် မခင်အေး

အချိန်က မနေ့ရယ် တနေ့ရယ်

အမြဲတမ်း တွင်းထဲ ၀င် တွင်းထဲ ထွက်

ငါ့သွားနှစ်ချောင်း နဲ့ ဖြတ်ပြစ်လိုက်ရမယ့်

ပိုက်ကွန်းတွေ လွတ်စမ်းချင်

ငါ့ကိုငါ သတ်သေမိပါလိမ့်မယ် မခင်အေးရဲ့ ။





Return top