အိပ်မက်အသေတို့၏ ၀ိဥာဉ်ပျောက် ဂါထာ

တိမ်တိုက်တချို့ သာ ကျနော့်အတွက်လိုပါသည် ။ လာမည့် မိုးရာသီတွင် ထီးနှင့်နေ့နံတူသော အမိုးသည် ကျနော့်အတွက်မလိုပါ ။ ကျနော်သည် မိုး ကို ချစ်သော လူတစ်ယောက်ဖြစ်သည် ။
တခန်းရပ်ပြဇာတ်များ နှင့် အလွမ်းဇာတ်များ ၊ ဟာသပြကွက်များသည် ... လူတချို့ အတွက် ( သို့ ) ကျနော့်အတွက် ရယ်စရာမဖြစ်နိုင်တော့သည်မှာ ကံ နှင့် ကံ ကို အသုံးပြုသူများကြောင့်
ဖြစ်လိမ့်မည်မှာ သေချာသည် ။ နားရှုပ်သွားလျှင် ပြန်လည်ရှင်းပြဖို့ အချိန်မရပါ ။ စိတ်ဆိုးလျှင် ချော့မည့်လူကို ရှာပါ ။ ကျနော်ဆက်ပြောရဦးမည် ။ လာမည့် တနင်္လာနေ့တွင် ကျနော့် ချစ်သူ
၏ ဈာပနာရှိသည် ။ မိုးလေ၀သ ခန့်မှန်းချက်များအရ ... ထိုနေ့တွင် မိုးများ သည်းထန်စွာရွာသွန်းလိမ့်မည် ။ ကျနော်သည် မိုးကို ချစ်သော လူတစ်ယောက်ဖြစ်သည်။ သို့သော်ချစ်သူ၏ဈာပန
္က၌ ကျနော်ရှိနေဖို့လိုသည် ။ သစ်ရွက်ကြွေသံများမကြားရသောအခါ ၊ ကြယ်ကြွေရပ်ဝန်း ၏ မျက်နှာခြင်းဆိုင် အရပ်ကို ထိုင်မကြည့်နိုင်တော့သောအခါ ၊ ကျနော် ချစ်သူအတွက် ၀မ်းနည်းစွာ
ငိုကြွေးရပေလိမ့်မည် ။ ခက်ညို သည် ခေါင်းတလားအား နှစ်သက်သူ တစ်ယောက်ဖြစ်ပါသလား ...သူမသည် ခွေးကလေးများကိုသာ ချစ်ခင်နှစ်သက်သူဖြစ်၏။ခက်ညိုသည်သေခြင်းတရား
အား လိုလားပါသလား ... သူမသည် နေ၀င်ချိန် မုန်းသော သူတယောက်ဖြစ်သည် ။ ကျနော် မိုး ကို ချစ်သည် ။ မနက်ဖြန် နှင့် သည်နေ့ မည်သို့သော အတိတ်မျှ တာဝန်မယူနိုင်အောင် ကွဲ
ပြားလွန်း၏ ။
ကြားလား ...
ကြယ်တွေကြွေလာသံကို ...
မိုးကလဲ ကဗျာကို ချစ် ...
ကဗျာကလဲ ဈာပနာကို ချစ် ...
သေချာတယ် ... ခက်ညို
မနက်ဖြန်မှာ
( သို့မဟုတ် )
တနေ့သော
အနောက်ဘက် မျက်ကန်းဟာ...
ကိုယ့်ကို စောင့်နေလိမ့်မယ် .... ဆိုတာ....

ကျနော်ပိုင်ဆိုင်သော အိပ်မက်တို့ ပျောက်ဆုံးကုန်၏ ။ ခက်ညို ၀မ်းနည်းနေမည်လား .. ပြန်စရာကားခမရှိသော ကိုဘုန်းလောက်တော့ ၀မ်းနည်းမည်မထင် ။ သူ့၌ ပြန်စရာ လမ်းရှိသေး၏ ။ သူမတွင်မူ ပြန်...စ...ရာ...လမ်း.... မရှိပါ ။ အသုဘရက် ဘာကျွေးမည်နည်း ၊ ယပ်တောင် မည်မျှဝေမည်နည်း ... သူမ၏ ဈာပနသည် .. မျက်ရည်တချို့ နှင့် လုံလောက်ပါသည်ဟု ပြောသော .. သူမ၏ ရှေ့ ချစ်သူအား ..ကျနော် ဒညင်းသီးအုန်းနို့ နှင့် ပန်ကာ တခု လက်ဆောင်ပေးချင်သည် ။ ကျနော် မိုး ကို ချစ်သည် ။ သူမ နှင့်အတူ ပါသွားသော ကျနော် ပိုင်ဆိုင်ရာများမှာ ... အဓိက မိုး ၊ ကြယ်ကြွေရပ်ဝန်း ၊ မျက်ကန်း နေ၀င်ချိန် နှင့် ဘာသာဗေဒကင်းမဲ့သော အသက်ရှုသံတို့ဖြစ်သည် ။ ကျနော် ဘာအတွက် မိုး ကိုချစ်ပါသနည်း .. ထို့သို့အမေးရှိလျှင် ကျနော့်တွင် ဘယ်တော့မှ မခြောက်ကပ်သွားသော ... ကဗျာစရွက်ဟောင်းတရွက် မှတ်မှတ်ရရရှိနေသောကြောင့်ဖြစ်
သည် ။ ရယ် ( ရီ ) စရာကောင်းနေသော အကြောင်းပေးချက် ဖြစ်နေမှာသေချာသည် ။ ထို့ထက်သေချာသည်မှာ ... စိုစွတ်လက်စ ကဗျာ တပုဒ် ကျနော့်တွင် အဖတ်တင် ကျန်နေသေး၏ ။ သူမ လက်အတွင်းရှိ အနီရောင် နှင်းဆီပန်းစီးသည် နောက်လာမည့် ကျနော့် ဈာပနာအတွက် သင်္ကတ ဖြစ်လိမ့်မည် ။ ကျနော် ရဲရင့်ရမည် ။ သူမသည် ကျနော်သိပ်မြတ်နိုးရပါသော ကဗျာ တပုဒ်အတွက် အသက်စွန့်သွားသူဖြစ်၏ ။

ကျွီးးးးးးးးး ...
ဟာ ... မကောက်နဲ့ “ ခက်ညို ”
ဒုန်း .....



ပတ်ဝန်းကျင်တစ်ခုလုံး ကျနော်နှင့် တပြေးညီ ငြိမ်သက်သွားကြ၏ ။ ကျနော့် အသက်ရှုသံတို့ အတောင်ပေါက် ပျံသန်းသွားသည် .. ( ဘယ်မှာလဲ ၊ ဘယ်မှာလဲ ၊ ဘယ်မှာလဲ ) ကျနော့် ကြယ်ကြွေများအား ခတ္တရပ်နားခွင့်ပြုမည် ။ အုပ်ဆိုင်းလက်စ .. အနောက်ဘက် မျက်ကန်းအား အသာတကြည် လွတ်ငြိမ်းခွင့်ပေးမည် ။ ကျနော် မိုး ကိုချစ်သည်.... ညနေခင်း ဂီတကို ချစ်သည် ၊ ကျနော် မိုး ကိုချစ်သည် .... ပျော်ကြလက်စ ... ရေခဲမုန့် မျက်နှာပြင်ကို ချစ်သည် ၊ မည်သူမျှ မချစ်ခင်သော အရာမှာ .. ကျနော့် မျက်ရည်များသာ ဖြစ်လိမ့်မည် .... ကျနော် မိုးကို မမုန်းပါ ... သို့သော် ... ကတ္တရာ လမ်းမကြီးကို မုန်းသည် ၊ ကဗျာ တပုဒ်အား မုန်းသည် ၊ ကဗျာထဲမှ ... မိုး ကို မုန်းသည် ။ ( ကျနော် မိုး ကို သစ္စာရှိပါသည် )

( ဖိတ်စာမှ ... မှတ်ချက် )
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ... ဈာပနာအား ပြုံးရွှင်စွာ လိုက်လံ ပေးပို့ကြရန်
ကယာကံရှင်၏ ။ ၀မ်းနည်းခြင်းကို ညုင်းသာသော ကဗျာတပုဒ်နှင့် လိုက်လံ ပို့ဆောင်ကြရန် .... ။

သေချာပါသည် ... ။
ကျနော် ချစ် / မုန်း သော ကဗျာစာရွက်လေး သူမ ကျောပြင်အောင်တွင် ငိုနေလျော့မယ် ... ။

အဲ့ဒီညကပေါ့ ....
လမင်းကြီးက ငါ့ခေါင်းဦးမှာ လက်လာတင်တယ် ...
ငါက ဗီသိုဗင်ရဲ့ မွန်းလိုက်ဆိုနာတာ သံစဉ်အကြောင်းမေးတော့
သူခေါင်းခါတယ် ... ( မသိဘူးပေါ့ )
ငါ့ကို မနက်ဖြန် အကြောင်းမေးတော့ ...
အိမ်နောက်ဖေးမှ အရည်ဖျော်စက်တခု
သူ့ကို လက်ဆောင်ပေးလိုက်မိ၏ .. ။
စိတ်ဆိုးပြီး တမာန်တော်ဆီပြန်သွားတယ် ထင်သည် ... ။

သူနောက်တခေါက်လာလျှင် ကျနော့်မနက်ဖြန်မှ ရောင်းရန်ရှိနေသော ပစ္စည်းမျာကို ပြရမည် ...

ရောင်းရန်ရှိသည်မှာ ...
အိပ်မက်အခွံများရောင်းရန်ရှိနေသည် ၊
၁၃ရက်နေ့များရောင်းရန်ရှိနေသည် ၊
အခေါင်းပေါက် နှင့် ည ရောင်းရန်ရှိနေသည် ၊
တနင်္လာနေ့များနှင့်
ကဗျာတပုဒ်၏ ၀ိဥာဉ်ရောင်းရန်ရှိနေသေးကြောင်း သူ့ကို ပြရမည် ။ ။

ကျနော်အလိုရှိသည်မှာ ။ ။ နှင်းဆီဈာပန၏ ၀ိဥာဉ်အရိပ်တခုတို့သာဖြစ်သည် ။ ။ ( အထားအသိုမှားနေသော ကဗျာတပုဒ်လဲ အလိုရှိသေး၏ ။ )

ပျင်းရိသော မနက်ဖြန်များ ရောက်လာလိမ့်မည် ။ ကျနော့်မှာ အသက်ကြွေးပေးစရာကျန်သေး၏ ။ မနက်ဖြန်ပေါင်းများစွာ နှင့် စီးချင်းထိုးရမယ် ... ။ နက္ခတ်အလွဲ နှင့် လက္ခဏာဖတ်သူများ မှားနေသည်.. ကျနော် မှားနေသည် ။ ဂြိုလ်သားများစွဲဖယ်ထားသော .. ကြယ်သောက်စွပ်ကြောင်းများ တိုးတိုးဖျဖျ နှင့် ( ....... )
သူတို့မှားနေသည် ။ မနက်ဖြန်သည် ...တနင်္လာနေ့မဖြစ်သင့် .... ။ တင်္နပြန်နေ့ ဖြစ်သင့်သည် ။ ကျနော့်မှာ အသက်ကြွေးပေးစရာရှိသေးသည် ။

နက္ခတ်ဆိုးတွေ လှည့်စားလို့
ထွက်ပြေးသွားတဲ့ နေသာသော နေ့တစ်နေ့
ကျန်ခဲ့တဲ့ခြေရာတွေကို ပြန်ကောက်ရင်း
ရေဆုံးမြေဖျား လိုက်ရှာတာတောင်
ဟိုး ..... ..... ..... အဝေးမှာ
ခပ်ပြပြတောင် လှမ်းမမြင်ရတော့ဘူး ။
ပျိုးခဲ့တဲ့ မိုးရာသီလေးရေ .....
ဒီနတ္ထိကောင် နိမိတ်ယူမမှားခင်
မိုးသံ ၊ လေသံပေးပြီး ကိုယ်ထင်ပြလှည့်ပါ ။
စက်ဝိုင်းရှည်တစ်ခုရဲ့  စမှတ်ကို
သက်တန့်တွေ စုံအောင်ထွန်းပြီး ပျံသန်းရစ်တော့ကွယ် ။
ငါ ..... လိုက်ခဲ့မယ် .....
ငါ ..... လိုက်ခဲ့ပါ့မယ် .....

( သိုးမဲ )

အာ ...... ။
သေပြီထင်တယ် ..... ။
နည်းတောင် နည်းသေးတယ် .... ။ ( ဆုတောင်းသံများဖြစ်မည် )
ကားလာတာမြင်ရဲ့ သားနဲ့ ...... ။
သေချင်လို့နေမှာပေါ့အေ ..... ။



အဲ့ဒီလိုပေါ့.....
မိုးတွေ က ပင်လယ်ငွေ့တွေကိုခိုးပြီးရွာ
ငါ့.....ကို....ခိုး....ပြီး...မိုး....တွေ... ရွာ
ငါ နဲ့ အ တူ .......
ပင်လယ်ဟာ သေသွားရှာပြီပေါ့....၊၊

( ဇာတိ )

အေး .....စက် .....တုန် .....ရီ ....နေ .... တဲ့.....ကဗျာ.....တပုဒ်.....ရဲ့.....နောက် .... ကွယ်.....မှာ .... ကျ ....နော့် ....၀ိဥာဉ် ..... ရှိ ..... နေ....ဦး .....မှာ ....ပါ .... ။ ။
ကြားလား ...
အိပ်မက်တွေ ခေါ်လာသံကို
ပန်းခေါင်းတလားရဲ့ အတွင်းဘက်က သွေးစွန်းသွားတဲ့ ကဗျာတပုဒ်နဲ့
ငါ့ဈာပနကို ကြိုပေါ့ ..
ချစ်သူ ..
ဒီတခါ မျဉ်းပြိုင်တွေ ဖြိုးကျလာရင် ..
ငါတို့ နှင်းဆီနှုတ်ခမ်းသားရဲ့ ကြယ်ကြွေဂီတကို
အတူနားဆင်စို့ကွယ် ... ။ ။

ခေတ်တစ်ခေတ်၏ လရောင်ပန်သော နှင်းဆီ


နင်မသိခဲ့လို့ပါ
ငါ့အိပ်မက်တွေလေ
နင်နဲ့တွေ့ပြီးကတည်းက
အရာအားလုံး .....
“အ” ကုန်တယ်ဆိုတာ ။ ။


နင့်အတွက်ပျိုးမယ်ဆိုရင်
ငါ့အလွမ်းတွေ
တစ်ရာသီစာမက ကြာကောင်းကြာနိုင်ပါရဲ့
မိသုန်ဝေ


“အနက်ရောင် ပိတ်ကားထက်က
ဘောင်ခတ်ထားတဲ့ နှုတ်ခမ်း”
ဖုတ်သွင်းရထားပေါ်က လူ
ပုဝါစလေး ခြားမိတဲ့ ခဏ
တစ်နွေလုံး ရူးခဲ့
တစ်နွေလုံး ရူးခဲ့မိတယ် ။ ။


ကိုယ့်ကိုကိုယ် ကြီးကျယ်ခဲ့ပြီးမှ
လွမ်းခဲ့ကြ
”တကယ်ဆို ..... နင်ဟာ
သိုးကျောင်းသားလေး မျှော်နေတဲ့
မိုးရာသီ မဖြစ်သင့်ဘူး”


လေစိမ်း မိုးစိမ်းတွေ တိုက်ခတ်ရင်း၊
ငါ့နှင်းဆီ ဈာပနာတောင်
ရိုးရိုးရီရီနဲ့
လရောင်တခင်းစာ ပြာကျသွားခဲ့တယ် ။ ။


မြူသံမပေါက်တဲ့ ငါ့ညတွေ
တစ်နွေလုံး ခြောက်အက်ခဲ့တယ်ဆိုတာ
ဘုရားပေးတဲ့
ငါ့မနက်ခင်းလေး အသိပါ ။ ။
ဒါပေမယ့်
ကျူဝါလေးရဲ့ မြက်ရိုင်း ပီသစွာ
ငါလွမ်းတယ်...........


“နင် ဘိုးတံလုပ်ပြီး
ငါ့ စုန်းတယောကို ထိုးပါ၊
မိသုန်ဝေ”


တရိပ်ရိပ် ...
ဝေသီရင်း
တရိပ်ရိပ် ...
ထိုးဆင်းသွားတဲ့
ကြယ်ပျောက်နက္ခတ်တွေ
မူးမူးလဲလဲနဲ့
တေးဆိုတဲ့ ညတုန်းကပေါ့ .....
ငါ့ကြည်ပြာရောင် အိုးလေး
“အိုးသံ” မပါဘဲ
ပန်းရိုင်းမြို့ပေါ် ချော်လဲကျသွားခဲ့တယ်.. ။ ။


မိသုန်ဝေရေ .....
“နင့် သုမုဒ္ဒရာအနားကွပ်တွေကို ပြောလိုက်
စုန်းတစ်ကောင်နေမျှော်နေပြီဆိုတာ”

ရုပ်သေး

Return top